ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တခင် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ ညနေပိုင်းက ရွှေကြာပင်ရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာအနီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေး​ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဥ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဒုဦးစီးမှူး ဦးသိန်းကိုကိုပါ (၄)ဦး၊ နယ်မြေရဲစခန်း(၃)မှ ဒုရဲအုပ် ဝေယံလင်း ဦးစီး(၁+၁)၊ ဇမ္ဗူသီရိမြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့စု (၁)မှ တပ်ကြပ်ကြီး အောင်ထွေးဦး (၁+၁)၊ ထောက်ပံ့ရေး (၉၃၅)မှ ဒုအရာခံဗိုလ်ရဲနိုင်​ပါ (၄)ဦးနှင့် ပူးပေါင်းအဖွဲ့တို့သည် ​​​ရွှေကြာပင်ရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာအနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၁၁၅ စီးခန့်၊ ဆိုင်ကယ် ၁၃၅ စီးခန့်၊ သုံးဘီးယာဉ် ၈ စီးခန့်၊ အိုးဝေ ၁၀ စီးခန့် လူဦးရေ ၃၁၆ ဦးခန့်၊ ဆိုင်ကယ်ဦးထုပ်မဆောင်းမှု (၅)မှု၊ ဆိုင်ကယ် (၃) ယောက်စီး (၁)မှုတို့အား စစ်ဆေး​ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅)ရပ်နှင့် ကိုက်ညီသည့် အရေးယူမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)