တပ်ကုန်း ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများတွင် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချမှုတွင် ဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် မြဝတီရပ်ကွက်နှင့် အေးချမ်းသာစံပြကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ မြောက်မြိုက်ကျေးရွာ၊ ရေအေးကျေးရွာ၊ မျက်ရဲကျေးရွာ၊ ကံလှကျေးရွာများတွင် စုစုပေါင်းဆီပိဿာ ၃၈၅၀ ပိဿာအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်