မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိပြီး ပြည်သူများ ယုံကြည်အားကိုးလာစေရေး ဆောင်ရွက်ကြရာတွင် ဒေသနှင့်လိုအပ်ချက်များကို ကြိုတင်စီမံဆောင်ရွက်ထားစေလိုကြောင်း၊ ဝန်ထမ်းနှင့် မိသားစုဝင်များ လုံခြုံရေးအသိ/သတိဖြင့် သွားလာကြရန် အပတ်စဥ်စနေ့နေ့တိုင်း လုပ်အားဒါန ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနများအ‌နေဖြင့် ပူးပေါင်းပါဝင်ရေး၊ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုနှင့် ဒီဇင်ဘာလူထုအားကစားလမ်းလျှောက်ပွဲများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များရှိပါက ဆွေးနွေးပေးကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူးသန်းအောင်က မှုခင်းကျဆင်းရေး လုံခြုံရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇင်မီဟန်က ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးမည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက ‌လူထုအားကစားလမ်းလျှောက်ပွဲများ ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း စသည်ဖြင့် ဌာနအလိုက်တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)