လွိုင်လင်မြို့နယ်၊ မိုင်းပွန်တွင် စံကွက် ရိတ်သိမ်း

လွိုင်လင်  ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာအုပ်စု၊ မြို့မအနောက်ရပ်ကွက်၊ ကွင်းအမှတ်(၅)၊ ဦးပိုင်အမှတ်(၄) တောင်သူ ဒေါ်ဆွယ်ဆိုင်အီ၏ လယ်(၉.၁၇)ဧကတွင် စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ပါသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ မြေစာရင်းဦးစီးဌာန ပြည်နယ်မှူး ဦးသန်းဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူး ဦးချိုနိုင်ထွန်းနှင့် ခရိုင်/မြို့နယ် မြောစာရင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းသည့် လယ်တွင် စပါးမျိုးကွဲ ဧည့်မထ (အထွက်ကောင်း) DU 12 စပါးမျိုးစိုက်ပျိုးခဲ့ရာ စပါးအစိုတစ်ဧကလျှင် (၁၀၃.၀)တင်း ထွက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)