မိုင်းယု ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု Mobile Library စနစ်ဖြင့် စာအုပ်များကို စာဖတ်သူများထံ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာနှင့် ဝန်ထမ်းများက စာဖတ်သူများ၏ ဖတ်ရှုပြီးသည့် သုတ၊ ရသစာအုပ်များ အသစ်လဲလှယ်ငှားရမ်းပေးခြင်း၊ ငှားရမ်းပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံရယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက် Mobile Library ဖြင့် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိနိုင်ရန်၊ စာအုပ်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရန်တို့အတွက် စာဖတ်သူများထံ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အားချာ