တန့်ယန်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များ၊ လူမှုကူညီရေးအင်းအဖွဲ့များမှ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြရာတွင် ယနေ့နံနက် ၆ နာရီက နံနက်စာ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းရာတွင် အမှတ်(၃) ရပ်ကွက်နေ ဦးနန်းကို + ဒေါ်နန်းမို့မို့မြင့်ဟန် (မို့မို့ ကုန်စုံဆိုင်) မိသားစုမှ နံနက်စာထမင်းဗူး (၆၀၀)နှင့် ရေသန့်(၂၅)ကတ်ကို ပေးအပ်လှူဒါန်းခဲ့ရာ “ဝ”စာပေနှင့်ယဉ်ကျေးမှုခန်းမ ယာယီစခန်းတာဝန်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ထွန်းနှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)