တန့်ယန်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင် အလှူရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာတွင် ယမန်နေ့ ညနေပိုင်းက မြို့ဝင်မုခ်ဦး၌ စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့သည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းရာတွင် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ သုခမိန္ဒ(စဝ်ဆုခမ်း)၏ ဦးဆောင်မှုဖြင့် ဒေါ်နန်းကြည်ကြည်သိန်း (ဓမ္မဂုဏ်ရည်) မိသားစုနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ထမင်းနှင့် စားသောက်ဖွယ်ရာများကို ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)