ပုဗ္ဗသီရိ နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သုခအေးဆီပွဲရုံမှ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ယနေ့ နံနက်ပိုင်းက ဇီးကုန်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရောင်းချပေးခဲ့သည်။
အဆိုပါ ဆီများအား ပုဗ္ဗသီရိမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သုခအေးဆီပွဲရုံမှ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၄၉၀) အား (၅၄၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာချိန် (၄၉၀) ပိဿာ ရောင်းချပေးခဲ့ကြောင်းနှင့် လိုအပ်သည့် ရပ်ကွက်၊ ကျေးရွာပြည်သူများအား ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)