ကာလိ နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ကာလိနယ်မြေရဲစခန်း ဘုန်းရောင်မေတ္တာဓမ္မာရုံ ဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မာရုံ ရေစက်ချလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၀၅:၃၀)အချိန်က အဆိုပါ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကာလိနယ်မြေရဲစခန်း စခန်းမှူး မြတ်သော်နှင့် အဖွဲ့ဝင်များ၊ တပ်ဖွဲ့မိသားစုဝင်များ အလှူရှင်များနှင့် ဧည်သည်တော်များက ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းနားကို "နမောတဿ" (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းနားအား စတင်ဖွင့်လှစ်သည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များမှ (၅)ပါးသီလ ခံယူဆောက်တည်ခြင်း ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ ချီမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထဲမှ အနုမောဒနာတရားနှင့် ရေစက်ချတရားတော်များ နာယူခဲ့ကြပြီး “ဗုဒ္ဓဿသနံ စိရံတိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဘုန်းရောင်မေတ္တာဓမ္မာရုံ ဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မာရုံ ရေစက်ချလှူဒါန်းခြင်းအခမ်းနားကို ကာလိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ တပ်ဖွဲ့မိသားစုဝင်များ၊ စုပေါင်း အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ပြန်/ဆက်)