ညောင်ဦးမြို့၌ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေး ပိုစတာစိုက်ထူခြင်းဆောင်ရွက်

ညောင်ဦး နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းမကြီးဘေးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေးပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရရှိစေမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ ကျား၊ မအခြေပြု အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များ တိုင်းကြားမှုကိစ္စရပ်များကို ဥပဒေအရစိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည့် အချက်အလက်များပါဝင်ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်မြင့်မြင့်သန်းတို့က ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာစိုက်ထူခဲ့ကြကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း