မလှိုင် နိုဝင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင်များ ဖြစ်ကြသော ကဗျာဆရာဦးမင်းနိုင် (ဆွေလှိုင်မင်း-မလှိုင်) စာရေးဆရာဦးမြတ်စိုး( မြတ်စိုး- မလှိုင်)နှင့် ဒေါက်တာချမ်းသာဦးတို့က ဒေါက်တာ ခင်မောင်ညို ရေးသားသောလူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများထဲမှ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့် တာဝန်သိမှု ၊ လူငယ်နှင့်အလှအပ ၊ လူငယ်နှင့်ဒဿန ၊ လူငယ်နှင့်လူမှုရေး အတွေးများ ၊ အောင်မြင်ခြင်း အတွက် တည်ဆောက်ယူခြင်း ၊ စသည့် အကြောင်းအရာများထဲမှ လူငယ်များ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန် လေ့လာရမည့်အချက်များ၊ လိုက်နာကျင့်သုံးဆောင်ရွက်ရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့်အကြောင်းရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားကာ စာဖတ်ဝိုင်း ဆွေးနွးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)