ထားဝယ်မြို့တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ် နိုဝင်ဘာ ၃၀

ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာ့ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ကမ္ဘာ့ပေါ်ရှိ လူသားနှင့်သတ္တဝါအားလုံးသည် စိတ်ကျန်းမာရေးအနေဖြင့် အရေးကြီးကြောင်း၊ ဟောပြောပို့ချပေးမည့် စိတ်ရောဂါအထူးကု ဆရာဝန်ကြီးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဆုမြတ်ရတနာက လူငယ်နှင့် စိတ်ကျန်းမာရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး တက်ရောက်လာသော ကျောင်းသား/သူများနှင့် မေးခွန်းများ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)