ထားဝယ် နိုဝင်ဘာ ၂၉
အခြေခံပညာကျောင်းသား/သူများအား ဗလငါးတန်နှင့်ပြည်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး”ဟူသည့်အချက်ကို တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနနှင့်ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းသား/သူများအားဗလငါးတန်နှင့် ပြည်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားရှိရမည့် အခြေအနေများနှင့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)