ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုးနှင့် ဆီးချိုသွေးချို လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရေဖြူ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သွေးတိုးနှင့် ဆီးချိုသွေးချို လူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံး(ဆေးရုံ‌ဟောင်း)တွင်ကျန်းမာရေးစောင့် ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလူနာများအား  မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့်ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ပေါင်ချိန်ခြင်း၊ အရပ်အမြင့်တိုင်းတာခြင်း၊ ဆီးချိုသွေးချိုရောဂါအတွက် သွေးဖောက်စစ်ဆေးပေးခြင်းတို့ဆောင်ရွက်ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုး၊ ဆီးချိုသွေးချို လူနာများအား အခမဲ့ ကုသပေးလျက်ရှိရာ မည်သူမဆို အဆိုပါရောဂါများအား လာရောက် စမ်းသပ်ကုသ‌နိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့် ထံက သိရ သည်။

ခတ္တာ(ပြန်/ဆက်)