ကဝမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကဝ နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအနေဖြင့်  ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ကဝမြို့နယ်၊ မကျက်ကြီးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကဝမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့်  ကျန်းမာရေးဝန်ထမ်းများက မကျက်ကြီး‌ ကျေးလက် ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၅) နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (မကျက်ကြီး) တွင် ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာလမင်းနိုင်က သွားကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် သွားရောဂါများ ရှာ‌ဖွေဖော်ထုတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)