ပြည်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်‌

ပြည် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ယမန်နေ့တွင် ပြည်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တက္ကသိုလ်မှ ပါမောက္ခများ ကထိကများ အပါအဝင် ဆရာ၊ ဆရာမများ ရုံးဝန်ထမ်းများ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၄) ဦးကိုလည်းကောင်း၊ အလားတူ ကွန်ပျူတာတက္ကသိုလ် (ပြည်)တွင် စုစုပေါင်း (၅၈) ဦးကိုလည်းကောင်း ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း‌ဆောင်ရွက်ခဲ့ပြီး အဆိုပါတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က ကြည့်ရှုအားပေးကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)