ဇမ္ဗူသီရိ နိုဝင်ဘာ ၂၉
ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်တွင် ယနေ့ညနေ ၄ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ (၈) နှင်းပန်းလမ်းတွင် Aircon Saft card အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ နေအိမ်အိပ်ခန်းအတွင်းရှိ အဲကွန်း တစ်လုံး၊ ခုတင်တစ်လုံးနှင့် ပရိဘောဂပစ္စည်းများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေကြာပင်နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များတို့က မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းသိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)