မိုးမိတ်မြို့နယ်တွင် မိုးစပါး ဆင်းဧကရီ-၃ စပါးများကို စတင်ရိတ်သိမ်း

မိုးမိတ် နိုဝင်ဘာ ၂၉  

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်သည် စပါးသီးနှံကို အဓိကစိုက်ပျိုးသည့် မြိုနယ်ဖြစ်ပြီး ဆင်းဧကရီ-၃ စပါးကို အဓိကထားစိုက်ပျိုး ထုတ်လုပ်လျှက်ရှိရာ နိုဝင်ဘာလအစောပိုင်းမှ စတင်၍ ရိတ်သိမ်းကြကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ၁၉၈၁ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်များတွင် စပါးမျိုး (၁၂) မျိုးအား မိုးမိတ်မြို့နယ်အတွင်းရှိ လယ်ကြီး၊ ရွှေဇာလီ၊ ညောင်ပင်စောက်၊ မကျည်းပင်၊ လက်ခုပ်ပင်ကွင်းများတွင် မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းများ ဆောင်ရွက်ခဲ့ရာမှ ဆင်းဧကရီ-၃ စပါးသည် အထွက်နှုန်း၊ အရည်အသွေးနှင့် စားသုံးမှုကောင်းမွန်သဖြင့် ၁၉၉၀ခုနှစ် နောက်ပိုင်းမှစ၍ ယနေ့အချိန်ထိ မိုးမိတ်ဒေသတွင် ဆင်းဧကရီ-၃ စပါးမျိုးကို အဓိကထားစိုက်ပျိုးထုတ်လုပ်လာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးမိတ်မြို့နယ်တွင် စပါးသီးနှံစုစုပေါင်း စိုက်ဧက (၁၇,၅၁၇) ဧက စိုက်ပျိုးလျက်ရှိပြီး မိုးမိတ်မြို့နယ်သည် လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလျှက်ရှိရာ မိုးမိတ်ဒေသထွက် ဆင်းဧကရီ-၃ (ရှမ်းဆန်)ကို နိုဝင်ဘာလအစောပိုင်းမှ စတင်၍ ရိတ်သိမ်းလျှက်ရှိရာ ရိတ်သိမ်းချွေးလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း၊ လူဖြင့်ရိတ်၍ စက်ဖြင့်ချွေလှေ့ခြင်းစသည့် အဆင်ပြေရာဖြင့် ရိတ်သိမ်းလျှက်ရှိကြောင်းသိရသည်။  

စည်သူဌေး (ခရိုင်ပြန်/ဆက်)