မိုးကုတ် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများက “ဥပဒေနှင့်အညီခုခံချေပဖို့ နွမ်းပါးပြည်သူကူညီကြစို့” လက်ကမ်းစာစောင်များကို ယမန်နေ့လယ် ၁၁ နာရီအချိန်က မြို့မရပ်ကွက်ရှိ အများပြည်သူများထံသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
“ဥပဒေနှင့်အညီခုခံချေပဖို့နွမ်းပါးပြည်သူကူညီကြစို့” လက်ကမ်းစာစောင်များကို မန္တေလးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် ရည်ရွယ်ချက် (၆)ချက်၊ အခြေခံမူ(၆)ချက်၊ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများ၊ ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးနည်းလမ်းများ၊ ဥပဒေဆိုင်ရာအထောက်အကူပေးနိုင်သည့်လုပ်ငန်းများနှင့် အဆိုပါအဖွဲ့သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများပါဝင်ကာ အများပြည်သူများ ဥပဒေဆိုင်ရာအထောက်အကူ ပေးနိုင်သည့်နည်းလမ်းများ သိသင့်သိထိုက်စေရန်နှင့် လေ့လာသိရှိနိုင်စေရန်ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)