မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပမည်

မိတ္ထီလာ နိုဝင်ဘာ၂၈

မိတ္ထီလာမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၃ဝ ရက်နေ့အထိ စနေနေ့တိုင်း ကျင်းပမည်ဖြစ်ပြီး ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုပေါင်းလမ်းလျှောက်ကြမည်ဖြစ်သည်။

၎င်းစုပေါင်းလမ်းလျှောက် ပွဲကျင်းပမည့်‌စနေနေ့များတွင် နံနက် ၅ နာရီ ၃ဝ မိနစ်အချိန်၌ အ.ထ.က(၁)နှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံအနီးမှစတင်ပြီး နေ့အလိုက်ခရိုင်အားကစားကွင်း၊ အ.ထ.က(၂)၊ အ.ထ.က(၄)၊ စက်မှုလယ်ယာအားကစားကွင်းနှင့်  နောက်ဆုံးစတုတ္ထအပတ်တွင် ခရိုင်အားကစားကွင်းများအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်းရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့် အတွဲ(၂)ကို စုပေါင်းပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ