တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

တောင်ဥက္ကလာပ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး ဦးစီးမှူး ဦးအောင်ကိုဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့်  ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂) ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)