ဘုတ်ပြင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးက မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂစ်မီးအသုံးပြုသူများအနေဖြင့် မီးလောင်မှု ဖြစ်ပေါ်လာပါက၊ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးမရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသခြင်း၊ ဈေးသူဈေးသားများ ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်၊ မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ဘုတ်ပြင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းနေသူများနှင့် ဈေးဝယ်သူများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ စုပေါင်းမီးငြှိမ်းသတ်ခြင်းအား ဆောင်ရွက်ကြသည်။
မြို့နယ်(ပြန်/ဆက်)