မင်းဘူး နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီးဘုရား၌ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် ဆီမီး (၁၀၀၀၀) ထွန်းညှိပူဇော်ခဲ့ကြောင်း ချမ်းသာကြီးဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်ပဏ္ဍိထံမှ သိရသည်။
ရှင်ပင်ချမ်းသာကြီးဘုရားနှင့် ဂန္ဓကုဋီတိုက်၊ အရံစေတီပေါင်း ၁၅ ဆူနှင့် တန်ဆောင်း၊ အုတ်တံတိုင်းများအား ဆီမီး (၁၀၀၀၀) ထွန်းညှိပူဇော်ခြင်းကို ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများက လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး စည်ကားလျက်ရှိကြောင်းလည်း သိရသည်။ ထိုကဲ့သို့ ဆီမီးထွန်းညှိပူဇော်ခြင်းများနှင့် ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ညောင်ရေသွန်းလောင်းပွဲများနှင့် ရာသီအလိုက် ပွဲတော်များကို အမြဲကျင်းပလျက်ရှိကြောင်း ချမ်းသာကြီး လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောပြသည်။
ဇေယျာထက်(မင်းဘူး)