အမာမြို့၌ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

အမာ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အမှတ်(၁)ရပ်ကွက်၊ တိလောက အောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယမန်နေ့ည (၁၁)နာရီခွဲ အချိန်တွင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့ရှိ အလှုူရှင်များမှလှူဒါန်းသည့် သင်္ကန်းများကို စုပေါင်းလုပ်အားဖြင့်  ကောင်းမှုကုသိုလ် ရရှိစေရန် နှစ်စဉ်ချုပ်လုပ်လှူဒါန်းသော မသိုးသင်္ကန်းကို  ညဦးပိုင်းမှ စ၍ ချုပ်လုပ်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်ည (၁၁)နာရီခွဲ အချိန်တွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို အမာမြို့၊ ဥတ္တရာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဂန္ဓက ဦးဆောင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊  ဂေါပကများမှ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ လာရောက်ကြသော ဘုရားဖူးများ၊ ဧည့်သည်များအား တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ပြီး မယ်ဇလီဖူးသုပ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)