ရွှေသောင်ယံမြို့ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ရွှေသောင်ယံ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဣစ္ဆာသယကျောင်းတိုက်တွင် ယနေ့ နံနက်ပိုင်းက ရွှေသောင်ယံမြို့၊ ဌာနဆိုင်ရာများ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ သဲကုန်းကျေးရွာဣစ္ဆာသယ ကျောင်းတိုက်ရှိ ဂေါပကအဖွဲ့များ၊ သဲကုန်းကျေးရွာရှိ လူငယ်၊ လူရွယ်များမှ အထွေထွေ အုပ်ချုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်၍ ပဒေသာပင်အား ပင့်ဆောင်ကာ မြို့တွင်းသို့ လှည့်လည်၍ ဣစ္ဆာသယကျောင်းတိုက်သို့ ပို့ဆောင်ကြသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ အ-ထ-က (အုန်းချောင်း)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဣစ္ဆာသယကျောင်းတိုက်ဆရာတော်ထံတွင် ငါးပါးသီလခံယူ‌ ဆောက်တည်ကြခြင်း၊ ပရိတ်တရားတော်များ နာကြားခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်း ခြင်း၊ ကထိန်အနုမောဒနာတရားနာကြားခြင်း၊ ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်ချအမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)