ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောခြင်းနှင့် နံရံစာစောင်၊ ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ  ၁ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာပေသိမှတ် ဖွယ်ရာများ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ပညာသင်ယူချိန် အရွယ်၌ ဘဝရည်မှန်းချက်များချမှတ်၍ ကြိုးစားသင်ယူကြရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အားလပ်ချိန်များတွင် သုတရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြရန် ဆွေးနွေးဟောပြောသည်။ 

ထို့နောက်  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ပေးကာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက  စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာ ဖတ်ရှုခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )