တောင်ပြိုလက်ဝဲ အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က ကျောင်းသား၊ ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စာအုပ်စာပေများနှင့်ထိတွေ့မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲကျင်းပရာတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက်ကူးထုတ်လွင့်ခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်းစသည့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)