ဒဂုံအရှေ့ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်သည့် အလေ့အထရရှိစေရန် စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ အသိပညာဗဟုသုတများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁:၀၀ နာရီက Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖူးမိုက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဒေါ်တိုးကြည်၊ မြကြေးမုံ(ရတနာဆောင်)က တာဝန်ယူစိတ်ခေါင်းစဥ်ပါ အကြောင်းအရာအား ဆွေးနွေးရာ တက်ရောက်လာသော Book Club အဖွဲ့ဝင်တစ်ဦးမှ လူတွေမှာ အကျင့်ဆိုးရှိနေရင် ဘယ်လိုတုံ့ပြန်ရမလဲဟု ဆွေးနွေးမေးမြန်းရာ မြို့နယ်စာရေး ဆရာအသင်းအတွင်းရေးမှူး ဒေါ်တိုးကြည် မြကြေးမုံ(ရတနာဆောင်)က လူတွေဟာတစ်ခုတည်းသောဖြစ်ရပ်နဲ့ ကြုံရပေမယ့် တုံ့ပြန်ပုံချင်း မတူကြတာဟာ အကျင့်ချင်း မတူကြလို့ဖြစ်ကြောင်း၊ ကိုယ့်အားနည်းချက်၊ချို့ယွင်းချက်ကို ရိုးရိုးသားသားရှာဖွေရင်း ပိုကောင်းတဲ့အခြေအနေတစ်ခုကို ဦးတည်သွားနိုင်ကြောင်း၊ ပြဿနာတွေကို ရင်ဆိုင်ဖို့မကြိုးစားပဲ အလိုက်သင့်မျှောလိုက်ချင်တဲ့ အကျင့်လို့ဆိုနိုင်ကြောင်း၊ ဒေါသထွက်စရာကြုံရင် ဒေါသကြီးကြောင်း၊ ကိုယ့်အားနည်းချက်ကို ဘာမှမစဥ်းစားဘဲ သူများကို အပြစ်တင်တတ်တဲ့စိတ်တွေ ပြင်ဖို့လိုကြောင်း၊ လူတွေမှာအကျင့်ဆိုးရှိနေရင် ဘာစကားမှ ပြန်မပြောချင်အောင် စိတ်ပျက်မယ်၊ ငါ့မှာဒီလိုမိတ်ဆွေတု ရှိရလေဆိုပြီး ဝမ်းနည်းနေမည်ဖြစ်ကြောင်း၊ ဘယ်လိုတုံ့ပြန်ရင်စိတ်ချမ်းသာနိုင်မလဲ၊ ကိုယ့်ဘာသာ ဆုံးဖြတ်တတ်စေရန် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club၊ Women Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ အသိပညာပေး Talk Show အစီအစဥ်များကိုလည်း စဥ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)