ဒဂုံအရှေ့ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိသော (၁၃၀၊ ၁၃၁၊ ၁၃၈) ရပ်ကွက်များသို့ ရပ်ကွက်နေပြည်သူလူထုမှ အခက်အခဲဖြစ်ပေါ်လျက်ရှိသော သောက်သုံးရေ (ရေသန့်)များအား ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသော(၁၃၀၊ ၁၃၁၊ ၁၃၈) ရပ်ကွက်များသို့ (၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများမှ သွားရောက်၍ တစ်အိမ်ထောင်စုလျှင် မည်၍မည်မျှဟု သတ်မှတ်ထားခြင်းမရှိဘဲ လိုအပ်သည့် အိမ်ထောင်စုများ အားလုံးလိုအပ်သလောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ (၂၀လီတာ) ရေသန့်ဘူး (၃၀၀)ဘူးအား သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ထောင်စုများအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)