ကွတ်ခိုင် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဝါတွင်းကာလ သီတင်သုံးဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပြည်လုံးချမ်းသာအောင်စေတီတော်၌ ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဥပုသ်ပြုသိမ်ထွက်သံဃာတော်များနှင့် သီလရှင် စုစုပေါင်း (၁၂၀)ပါးတို့အား စစ်ဗျူဟာအဖွဲ့(အခြေချ) (ကွတ်ခိုင်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့် ကွတ်ခိုင်တပ်နယ်/ရင်း/ဖွဲ့မှ မိသားစုများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ခရိုင်ထွေ/အုပ် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှိုင်မင်းစိုးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဆန်၊ ဆေး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)