အောင်လံမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြော

အောင်လံ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။  ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးတင်ဆန်းဝေက “ဥပဒေရေးရာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်လင်းလင်းက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းနိုင်က “လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်ကောင်း ဟောပြောခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)