ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကာယ ဉာဏဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ပိုင်ကျုံ  အောက်တိုဘာ  

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ  ကာယဉာဏ စွမ်းရည်တိုးတက်စေရန်အတွက် ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများဆောင်ရွက်ပေးခဲ့သည်။

ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်‌နော်ခူးခူးက ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းကိုရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်တို့ကို သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့‌ သည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးက ာဟာရမုန့်များတိုက်ကျွေခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)