မုံးကိုးမြို့ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများရရှိစေရန် ဆောင်ရွက်ပေး

မုံးကိုး  အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများရရှိစေရန် အောက်တိုဘာ(၅)ရက်နေ့ နေလယ် (၁:၀၀)နာရီအချိန်တွင် စတင်၍ စာရင်းကောက်ယူ‌ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးညီလေးမှ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်စပ်လျဥ်း၍ ကောင်းကျိုးများရှိပုံကို ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်ပုံနှင့် သတိပြုလိုက်နာရမည့် အချက်များ၊ ကျောင်းသား/သူများ စာမေးပွဲလျှောက်လွှာများပေးပို့ရာတွင် အဆင်ပြေစေရန်အတွက် ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများမှ  အထက်တန်းဆင့် ကျောင်းသား/သူ (၄၂)ဦးအား စာရင်းကောက်ယူပြီး ကိုယ်ရေးဖောင်များ ဖြည့်သွင်းရေးသားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပတ်စပို့ပုံများ ရိုက်ကူးပေးခဲ့ကြောင်း သိရပါသည်။

မုံးကိုး(ပြန်/ဆက်)