သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ချေးငွေရယူ ဆောင်ရွက်ထားရှိသော လုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေး

သာပေါင်း အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ရေခဲစက်၊ တံမြတ်စည်း၊ ဖိနပ်လုပ်ငန်းများက ချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံ MSMEs ချေးငွေရယူ လုပ်ကိုင်‌နေကြသည့် အမှတ်(၂)ရပ်ကွက်၊ “တော်ဝင်ရေခဲစက်”၊ မြတ်မွန် တံမြက်စည်း၊ လှေကြီးတက်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ “ရွှေချိန်ခွင် ဖိနပ်လုပ်ငန်းများ တိုးချဲ့တိုးတတ်‌ ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး (၆)လ ပြည့်ပါက အတိုးပေးသွင်းရေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)