ညောင်ဦး အောက်တိုဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲအချိန်မှစတင်ပြီး မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကျေးလက်ရေပေးလုပ်ငန်းများဆောင်ရွက်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများလိုက်ပါလျက် နတ်သမီးကမ်းပါး ကျေးလက်ရေပေးရေးလုပ်ငန်းသို့ရောက်ရှိပြီး ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကိုစစ်ဆေးကြည့်ခြင်း၊ ငှက်ပစ်တောင်ရေပေးရေးစက်ရုံ၊ ရေစုရေလှောင်ကန်နှင့် JICA ရုံးဝင်းအတွင်း တွင်းတူးစက်ပစ္စည်းများထားရှိ သိုလှောင်ရုံနှင့် အလုပ်ရုံများ ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။ ဆက်လက်၍ JACA နှင့် နည်းပညာဖလှယ်ရေးပူးပေါင်းဆောင်ရွက်သည့် အပူပိုင်းဇုံကျေးလက်ရေရရှိရေး နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာများအနက် တောင်ရှေ့ကျေးရွာ၊ ကူတောကျေးရွာ၊ ဂျမ်းလှီးကျေးရွာ၊ ထီးပုကျေးရွာ၊ မှန်တောကျေးရွာတို့အား JICA စီမံကိန်းဖြင့်တူးဖော်ခဲ့သည့် တွင်းသစ်(၁၁)၊ တွင်းဟောင်း(၂၀)တွင်း၊ စုစုပေါင်း စက်ရေတွင်း(၃၁)တွင်းတို့အား တွင်းဟောင်းများ ရေထွက်ရှိမှု၊ တွင်းသစ်များ ရေထွက်ရှိမှု၊ ချို့ယွင်းပျက်စီးမှု ကြည့်ရှုစစ်ဆေးခဲ့ပြီးကာ တောင်ဘကျေးရွာ Prepait Water Meter ကြိုတင်ငွေပေးချေစနစ် ရေမီတာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများတင်ပြသည့် အချက်အလက်များအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးက ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဒေသခံ ပြည်သူများတင်ပြသည့် တင်ပြချက်များကို မူဘောင်အတွင်းမှ အလေးထား လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း