အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၈

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ရေးနေ့အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်(၁၄)ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၀)ဦးတို့က "ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မိုးမိုး