မူဆယ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်ပြည်သူဝန်ဆောင်မှုရုံးအစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ထားသူများအတွက် သွေးစစ်ခနှင့်ဓာတ်ပုံရိုက်ခများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ သက်ဆိုင်ရာဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းက တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အမှာစကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးစန်းလွင်က ပန်းခင်းစီမံချက်ဆောင်ရွက်ချက်များ၊ နိုင်ငံသားမှတ်ပုံတင်မရှိကြသူများစာရင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို စာရင်းကောက်ယူပြီး မြေပြင်ထိကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားမှတ်ပုံတင်လဲလှယ်ဆောင်ရွက်ပေးရမည် စာရင်းများနှင့် ယာယီအိမ်ထောင်စုစာရင်းများကိုလည်း ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ မြို့နယ်လဝကဦးစီးမှူးတို့မှ မြို့နယ်အတွင်းရှိ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ထားသူ(၄၆၈၉)ဦးအတွက် သွေးစစ်ခနှင့်ဓာတ်ပုံရိုက်ခ စုစုပေါင်းမြန်မာငွေ(၁၄၀၆၇၀၀၀)ကျပ်အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)