ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲဆောင်ရွက်

ကျောက်မဲ အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက ကျောင်းသား၊ ကျောင်းသူလေးများကို စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်၊ စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြသည်။

မိုင်းထွန်း(ပြန်/ဆက်)