လဲချားမြို့နယ် အ​ခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား  အောက်တိုဘာ ၈

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ အောက်တိုဘာ၆ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဉီးစီးမှူး) ဒေါ်​ဟေမွန်ဉီးမှ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်ကြောင်းကိုလည်း​ကောင်း၊ အသိပညာပေး ဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)