ဘုတ်ပြင်းမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ဘုတ်ပြင်း   အောက်တိုဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက် ယူခြင်းလုပ်ငန်းစဉ်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင်     မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးမင်းထွေးက တိရစ္ဆာန် ကောင်ရေစာရင်းကောက် ယူခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်သင်တန်းကို ဒေါက်တာအေးမင်းထွေးနှင့်သင်တန်းနည်းပြများက တိရစ္ဆာန်ကောင်ရေ စာရင်းအချက်အလက်များကို Commcare Application အသုံးပြု၍ ကောက်ယူခြင်းနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူမည့်စာရင်းများနှင့်ပတ်သက် စာရင်းကောက်ယူရေးလုပ်ငန်းများကို စနစ်ကျပို့ချခဲ့ကြောင်းသိရသည်။

သင်တန်းသို့  ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့များမှ စာရင်းကောက်ယူမည့် သင်တန်းသား သင်တန်းသူ(၈) ဦးတက်ရောက်ကြပြီး သင်တန်းကာလ တစ်ရက်သာ ပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

ဘုတ်ပြင်းခရိုင်အတွင်းရှိ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ(၁)ရက်နေ့မှစတင်၍ စာရင်းကောက်များက စာရင်းစတင်ကောက်ယူမည့်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)