၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်  အောက်တိုဘာ  ၇

၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို  အောက်တိုဘာ ၆ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမား တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် (၉)ဦးတွဲအသင်းလိုက် ၊ (၃)ဦးတွဲအဖွဲ့လိုက်နှင့် (၁)ဦးချင်းပြိုင်ပွဲတွင်ဆုရရှိသော အားကစားသမားများ၏ သရုပ်ပြသနေမှုကို  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေခဲ့သည်။

ဆက်လက်၍ ဆုပေးကိုကျင်းပရာ  တစ်ဦးချင်း၊ (၃)ဦးအဖွဲ့လိုက်၊  (၉)ဦးအသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုကလပ်နှင့် ငွေသားဆုကိုလည်ကောင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော ပေါင်မြို့နယ်အား မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းမြင့်ရီကလည်းကောင်း  ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)