ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံတောင် အောက်တိုဘာ

ကျောင်းသား၊ကျောင်းသူ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အ..က(ခွဲ)မ(၈)တွင် ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်း‌အေးက  လူငယ်နှင့်မူးယစ်‌ဆေးဝါး အန္တရာယ်ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ သုံးစွဲမှုကိုဖြစ်ပေါ်စေသော အကြောင်းအရာများ၊ သတိပြုရှောင်ရှားရန်များအား ဟောပြောပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ ဒေါ်ထွေးမြတ်မြတ်ဝါ (စံဌာနီထွန်း)က  လူငယ်များကျောင်းစာအပြင်  သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများ၊‌ ကျောင်းသားလူငယ်များအတွက် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဖြစ်ရပ်မှန်အကြောင်းအရာသာဓကများဖြင့် ဟောပြောပြီး၊ ဗဟုသုတရှိ‌သောစာပေများဖတ်ရှုမှသာ အောင်မြင်သောခေါင်းဆောင်ဖြစ်နိုင်‌ကြောင်း အကျယ်တဝင့်ဟောပြာကာ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက စာကြည့်တိုက်ဝန်ဆောင်မှု အကြောင်းအရာများအား ဟောပြောဆွေးနွေးပေးကြောင်း သိရသည်။      

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော    လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ဟော‌ပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.လ.က(ခွဲ) မ(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးမြင့်နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြာင်း သိရသည်။

 ကျော်စွာမိုး