စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

စမ်းချောင်း အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့မှ ရဲအုပ်စိုးသူရက လူကုန်ကူးမှုတားဆီးရေး အကြောင်းအရာအားလည်းကောင်း၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ရဲအုပ် ဝင်းမင်းသန့်က မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာ အားလည်းကောင်း၊ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်၊ ကင်းရှင်းရေးအဖွဲ့မှ ဒုရဲမှူး အောင်ကျော်သူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတို့ကိုလည်းကောင်း ဟောပြောခဲ့ကြောင်း  သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြိုနယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆ​​ရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း