မိုင်းရှူး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်(၈)နာရီက လူစည်ကားရာ စျေး၊ဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ လောင်းကစားမှု၊ online လိမ်လည်မှုများ၊ အကြမ်းဖက်မှုပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်တိုက်ဖျက်စို့၊ ခိုးမှု၊ လုယက်မှုများမှ ကာကွယ်နိုင်ရန်၊ သတင်းပေးရန် အကူအညီလိုအပ်ပါက ဆက်သွယ်ရန်ဖုန်းနံပတ်များ စသည့်အချက်များပါရှိပြီး အဆိုပါ လက်ကမ်းစာစောင်ကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အစောင်ရေ(၁၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)