နမ့်ဆန် အောက်တိုဘာလ ၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာနှင့်ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ ခေါင်းဆောင်များကပေးပို့သေ ာစုပေါင်းသဝဏ်လွှာကို ဒေသအဆင့်ပညာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးထွန်းက ဖတ်ကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လေးက အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အငြိမ်းစားဆရာကြီး၊ဆရာမကြီးများကို ဆရာ၊ဆရာမများ ကျောင်းသား/ကျောင်းသူများက ကန်တော့ချိုးဖြင့် ရွတ်ဆို၍ ကန်တော့ကြပြီး အငြိမ်းစားဆရာကြီး၊ဆရာမကြီးများက ဆုပေးပြီး ကန်တော့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ပညာရေးဌာန မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများတို့က အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့သည်။
အခမ်းအနားတွင် ကန်တော့ခံ အငြိမ်းစားဆရာ၊ဆရာမ (၃၅)ဦး တက်ရောက်ပြီးမြို့ပေါ်ကျောင်းများ မှ ဆရာ/ဆရာမများ ကျောင်းသား/သူများ (၂၃၀)ဦးခန့် စုံလင်စွာတက်ရောက်ခဲ့ကြောင်း ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လေးထံမှ သိရှိရသည်။
နမ့်ဆန်ဒေသပြန်ဆက်