မိတ္ထီလာ အောက်တိုဘာ ၆
၂ဝ၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ မိတ္ထီလာခရိုင်မှသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုကျင်းပ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ရှေးဦးစွာ ခရိုင်အဆင့် မြန်မာ့ရိုးယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာ စကားပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင်အဆင့်ပြိုင်ပွဲမှ မန္တလေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗဟိုအဆင့်ပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲဝင် ၆ ဦးအား ဂုဏ်ပြုထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ