မောင်တော အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ကအမှာစကားပြောကြားရာတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းဖွင့်လှစ်ပေးထားခြင်းအားဖြင့် နယ်စပ်ဒေသ တိုင်းရင်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးများ ဆောင်ရွက်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျဆောင်နိုင်မှာဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေကိုတစ်ဘက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ကြောင်း ၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲ နွမ်းပါးမှု လျော့ချစေနိုင်ရေး၊ လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်သင်တန်းကျောင်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းတွင် ထူးချွန်စွာ ပထမ ရရှိခဲ့သူအား ဆု ရရှိသူအား ဆုများ ဂုဏ်ပြုဆုငွေနှင့် အပ်ချုပ်စက် တစ်လုံးအားပေးအပ်ခဲ့ကာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြာရေးမှူး ဦး ကျော်မြင့်ဦးမှ သင်တန်းဆင်းလက်မှတ်များနှင့် ဒုတိယ၊ တတိယ ဆုရရှိသူများအား အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်း တက်ရောက်သင်ယူခဲ့သည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက အဆင့်မြင့် အိမ် တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းတွင် တက်ရောက်ခဲ့သောသင်တန်းသူများ၏ လက်ရာများအားလှည့်လည် ကြည့်ရှုခဲ့ကြပြီး အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ လိုက်လံရှင်းလင်းပြသခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဦးကံထွန်း အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှု ပညာသင်တန်း ကျောင်းမှ ဆရာမများနှင့် သင်တန်း သူများ နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)