နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်း(၂)ကျောင်းအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ပေးအပ်

ဖရူဆို အောက်တိုဘာ ၁၆         

ကယားပြည်နယ်လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဝေးလံပြီး လတ်တလော လျှပ်စစ်မီးမပေးနိုင် သေးသည့် အခြေခံပညာကျောင်း()ကျောင်းအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွန်ပျူတာ၊ Printer နှင့် မီးစက်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကြီးကြပ်၍ လတ်တလော လျှပ်စစ်မီးမရသေးသည့် ဖရူဆိုမြို့နယ်အတွင်းရှိ အလက-ကေကောကျောင်းနှင့် မူလွန်-ထိုခွီးဆိုကျောင်း (၂)ကျောင်းအား ကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းတို့က ကွန်ပျူတာ၊ Printer နှင့် မီးစက်များအား တာဝန်ခံကျောင်းအုပ်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)