ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အပမ်းဖြေခြင်း၊ အားကစားပြုလုပ်ခြင်းတို့ မပြုလုပ်ကြရန် အသိပေးကြေညာခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေး အောက်တိုဘာ ၁၆

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ကျုံးပတ်ပတ်လည်တွင် လမ်းလျှောက်ခြင်း၊ အပမ်းဖြေခြင်း၊ အားကစားပြုလုပ်ကြခြင်း စသည်တို့ဖြင့် လူအများတဖြေးဖြေး ပြန်လည်များပြား လာနေခြင်းကြောင့် အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းနှင့် ကျုံးဘေးပလက်ဖောင်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ည၇နာရီအချိန်က စတင်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျုံးဘေးတွင် လူအများပြန်လည်များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ဆင့်ပွားကူးစက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၏ ကြီးကြပ်မှုဖြင့် အနှိပ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရာအိမ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ကျော်မျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)