ဗန်းမောက် အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဆိုင်းတီးဝိုင်း မကွယ်ပျောက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာအမွေ တတ်မြောက်စေရန်အတွက် ကံရွာကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာ (မဇ္ဇိုမာရာမ) ကျောင်းတိုက် ဆရာတော် ဦးသုဇာတ၏ မိန့်ကြားချက်အရ ရိုးရာမပျက်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် အလယ်ရွာကျေးရွာ ကတူးတိုင်းရင်းသားများ၏ ယဉ်ကျေးမှု တစ်ခုဖြစ်သည့် အိုးစည်း၊ ဒိုးပတ်၊ ကြေးမောင်း၊ နှဲ၊ ပတ်မ၊ စည်ဒိုး အစရှိသည့်ရိုးရာတီးဝိုင်းများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာသင်ကျောင်းများ ယာယီပိတ်ထားသည့်အတွက် ကျောင်းနေ အရွယ်ကလေးငယ် များ ရိုးရာအတီးမှုတ်ပညာများကို တတ်မြောက်စေရန်ရည်ရွယ်ပြီး ဒေသခံ တီးဝိုင်းဆရာ ဦးကျော်လှိုင်နှင့်အဖွဲ့က သင်ကြားပေးလျက်ရှိကြောင်း ရိုးရာယဉ်ကျေးမှုဆိုင်း တီးဝိုင်း မှာလွန်ခဲ့ သည့် (၆၈) နှစ်ကျော်က အဆိုပါကျောင်းတိုက်မှ စတင်အသုံးပြုခဲ့ကြောင်း အလယ် ရွာကျေးရွာ ကျောင်းအကျိုးတော်ဆောင် ဦးမောင်လွင်ထံမှ သိရသည်။
ယခုလို ကျွန်တော်တို့အဖွဲ့က ကတူးရိုးရာယဉ်ကျေးမှု ဆိုင်းတီးဝိုင်းအတီးအမှုတ်ပညာ ရပ်များကို ရိုးရာအမွေအဖြစ် ဆက်လက် ထိမ်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တီးဝိုင်းနဲ့ပတ်သက်လို့ သင်ယူနေတာ ကတော့ကတူးလို (စိန်စိန့်နှောင်)၊ မြန်မာလို (ညီစေနော်)၊ မိုင်းသုံတောင်၊ အစဉ်အလာဓလေ့မို့ ကတူးတို့နွဲပျော် ရိုးရာပွဲတော်၊ လာခဲ့ပါဆွေ ကတူးတို့မြေသီချင်းတီးလုံးနှင့် အစရှိသည့်အခြေခံ သီချင်းများကိုလည်း လေ့လာသင်ယူလျက်ရှိကြောင်း (စိန်စိန့်နှောင်)အဖွဲ့မှ အဌမတန်းကျောင်းသား မောင်လမင်း၏ ပြောကြား ချက်အရ သိရသည်။
ကျော်စွာ (ဗန်းမောက်)